Picture
System Maintenance ကိုဘယ်လိုနေရာတွေမှာသုံးလည်းဆိုတော့ ကျတော်တို့ Windows တွေကို အသစ်တင်လိုက်အခါ စစချင်းတင်ခါစ မှတော့ စက်က သုံးရတာ မတရားမြန်ပါတယ် နောက်ပိုင်း တဖြည်းဖြည်း ကြာလာတဲ့ အခါ စက် ရဲ့ Perfromance ဟာကျလာပါတယ် အဲ့ဒီ့ ပြသနာတွေဖြေရှင်းဖို့ဆိုရင် System Maintenance ကို အသုံးပြုပေးရမှာပါ
System Maintenance ကို အကြမ်းအားဖြင့် ၄ မျိုးခွဲထားပါတယ်
1. check disk
2. disk cleanup
3. disk defragmenter
4. delete temp file တို့ဖြစ်တယ်
1. Check disk ဆိုတာကတော့ computer ရဲ့ speed ကို မြှင့်တင်ပေးတာမဟုက်ဘဲ hard disk ရဲ့ performance ကိုမြှင့်တင်ပေးတာပါ hard disk ကို physically အားဖြင့် သက်တမ်းရှည် အောင် ပြုလုပ်ပေးတာ ဖြစ်တယ်
check disk ကို run ချင်ရင်တော့ my computer ကိုဖွင့်လိုက်ပါ စစ်ချင်တဲ့ drive တစ်ခုခုကို R-click နှိပ်ပါ
properties >tool tab > error checking မှာ check ကိုနှိပ်ပါ
2. Disk cleanup ကို ရှင်းခြင်းအားဖြင့် computer ရဲ့ performance ကိုမြှင့် တင်ပေးတာပါ computer မှာ မလို အပ်တဲ့ file အကြွင်းအကျန်တွေကို ဖျက်ပေးပါတယ်
disk cleanup ကို run ချင်ရင်တော့ My computer ကိုဖွင့်လိုက်ပါ ပြီးရင် HD drive တစ်ခုခုပေါ်မှာ R-click> properties>generatl tab ထဲက disk cleanup ကိုနှိပ်ပါ ကျလာတဲ့ box မှာ အကုန်လုံးကို select မှတ်ပြီး cleanup system file ကိုနှိပ်လိုက်ပါ ok ပြီးတော့ delete file ဆိုရင်ပြီးပါပြီ

3. Disk defragmenter ဆိုတာက တော့ HD ပေါ်မှာ အစီစဉ်မကျဘဲ ပြန့်ကျဲနေတဲ့ data တွေကို အစီစဉ်တကျဖြစ်အောင် စီစဉ်ပေးတာဖြစ်တယ်
disk defragmenter ကို run ချင်ရင်တော့ ချင်ရင်တော့ my computer ကိုဖွင့်လိုက်ပါ စစ်ချင်တဲ့ drive တစ်ခုခုကို R-click နှိပ်ပါ
properties >tool tab > opitimize ကိုနှိပ်ပါ box တစ်ခု ကျလာပါလိမ့် မယ် အဲ့ဒီ့ မှာ opitimize ကို မလုပ်ခင် analyze ကိုနှိပ်ပါ သဘောက တော့ analyze ဆို disk တွေကို opitimize လုပ်ဖို့မလို စစ်ပေးတာပါ
ဒါဆို analyze ကိုနှိပ်လိုက်ပါ select မှတ်ထားတဲ့ drive ရဲ့ ဘေးကို ကြည့်လိုက် ပါ ၁၆% defragmented ဆိုရင်တော့ optimize လုပ်ဖို့လိုပါလိမ့် မယ် 15% အောက်ဆိုရင်တော့ optimize လုပ်ဖို့မလိုပါဘူး

4. Delete temp file ဆိုတာကတော့ CPU က processing လုပ်ရာတွင် ပိုမိုလျှင်မြန်အောင်လို temporary file တွေကို HD မှာ သိမ်းထားတာပါ ကြာလာတော့ temp file တွေများလာပြီး မိမိစက်ရဲ့ performance ကိုကျလာစေပါတယ် delete temp file ကို ပြုလုပ်ချင်ရင်တော့ Run box ထဲမှာ
1. recent 2. Temp 3.%temp% 4. Prefetch အဲ့ဒီ့ ၄ကို တစ်ခုချင် Run box ထဲမှာ ရိုက်ထည့်ပြီး shift delete နဲ့ ဖျက်ပစ်လိုက်ပါ

ဒီလောက်ဆိုရင်တော့ သင့် ကွန်ပျူတာကို အတော်အတန်သင့် လျှင်မြန်စေမှာဖြစ်ပါတယ် —–
*** ကျတော်ပြောခဲ့တဲ့ အချက် ၄ ချက်ကို ၂ ပတ် ၁ခါ သိုမဟုက် ၁လ တစ်ခါလောက်ရှင်းပေးစေချင်ပါတယ်
တကယ်လို drive အားလုံးကို မရှင်းပေးနိုင်ရင်တောင် မှ windows တက်တဲ့ အပိုင်းကို တော့ ပြုလုပ်ပေးချင်ပါတယ် windows တင်တဲ့ အပိုင်းကို သိချင်ရင်တော့ Run box ထဲမှာ \ (back select) ကိုရိုက်ထည့်လိုက်ပါ ကျလာတဲ့ အပိုင်းဟာ windows တက်တဲ့ အပိုင်းဖြစ်ပါတယ် များသောအားဖြင့် windows တင်တဲ့ အပိုင်းကို c: မှာသာတင်လေ့ရှိပါတယ်။


                                                                         ~~မာန်~~




Leave a Reply.


    Like လေးနှိပ်ပြီးအားပေးပါအုံးဗျာ

    အချိန်ကိုလေးစားပါ

    ယနေ့ ဝင်ရောက်သူများ

    ဒီဆိုဒ်လေးကိုလင့်ချိတ်ချင်ရင်



    <div style="text-align: center;"><a target="_blank" title="Let's Go To My Site" href="http://mangflashsongmyotaw.weebly.com/"><img src="http://s17.postimg.org/8wvxddgqn/llll.jpg"" alt="Photobucket" border="0"></a></div>


    အကြံပြုနိုင်ပါတယ်

    ဆော့စ်ဝဲများဒေါင်းရန်

    Google

    Web FSမြို့တော်